Quantcast
Channel: Dailymotion - วิดีโอล่าสุด
Viewing all articles
Browse latest Browse all 76192

ယူရိုပြိုင်ပွဲ သတင်းတိုတွေကို နန်းဝေေ၀ထွန်း တင်ဆက်

$
0
0

ဂျာမဏီအသင်းခေါင်းဆောင် ရှဝိန်းစတိုင်ဂါဟာ ဒဏ်ရာကြောင့် မကစားနိုင်ပေမယ့်လည်း စိုးရိမ်စရာ မရှိဘူးလို့ နည်းပြ ဂျိုချင် လိုးက ပြောတဲ့သတင်းကိုလည်း တင်ဆက်ပေးဦးမှာပါ။ ဂျာမဏီအသင်းဟာ အုပ်စု (စီ) ပွဲစဉ်အဖြစ် ဒီညမှာ ယူကရိန်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ မန်ယူ ကွင်းလယ်သမားဖြစ်တဲ့ ရှဝိန်းစတိုင်ဂါဟာ ဒဏ်ရာကနေ သက်သာလာပေမယ့် ကြံ့ခိုင်မှု မပြည့်သေးတဲ့ အနေအထားမှာ ရှိနေပါတယ်။ အသင်းအတွက် အဓိကကြတဲ့ ကစားသမား ၅ ယောက်လောက် ရှိနေတဲ့အတွက် ရှဝိန်းစတိုင်ဂါ နေရာမှာ အစားထိုးပြီး ကစားသွားမှာလို့ နည်းပြက ပြောပါတယ်။ ဂျာမနီ အသင်းမှာ အဓိက နောက်တန်းသမားဖြစ်တဲ့ ဟမ်းမဲကလည်း ဒဏ်ရာကနေ သက်သာလာခြင်း မရှိ သေးတဲ့အတွက် ဒီညပွဲမှာ ပါဝင်နိုင်မှာ မဟုတ်သေးပါဘူးရှင်။

ပထမဆုံးအနေနဲ့ ယူရိုပြိုင်ပွဲနဲ့ ပက်သက်တဲ့ သတင်းအကျဉ်းတွေကို အရင်ဆုံး တင်ဆက်ပေးမှာပါ။
အင်္ဂလန်နဲ့ ရုရှားတို့ ကစားတဲ့ ဇွန်လ ၁၁ ရက်နေ့က ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲမှာ နှစ်ဖက် ပရိတ်သတ်တွေ ခိုက်ရန် ဖြစ်ပွားခဲ့ပါတယ်။ ဒီပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပတဲ့ ပြင်သစ်နိုင်ငံ မာဆေးမြို့မှာ ပွဲမစခင်နဲ့ ပွဲအပြီးမှာ အုပ်စုလိုက် ရန်ပွဲတွေ ဖြစ်ခဲ့တာပါ။ ပြင်သစ်ရဲတပ်ဖွဲက့ မီးသတ်ပိုက်တွေ၊ မျက်ရည်ယိုဗုံးတွေသုံးပြီး လူစုခွဲခဲ့ရပါတယ်။ ရန်ပွဲတွေကြောင့် လူ ၃၁ ယောက် ထိခိုက် ဒဏ်ရာရခဲ့ပြီး ၂ ယောက်ကတော့ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိပါတယ်။ ပြင်သစ်ရဲတပ်ဖွဲတွေက လူအုပ်တွေကို ဖြိုခွဲခဲ့သလို လူ ၆ ယောက်ကိုလည်း ဖမ်းဆီးထားပါတယ်။ ပွဲကစားအပြီးမှာလည်း ကွင်းထဲမှာ ရုရှား ပရိတ်သတ်တွေက အင်္ဂလန် ပရိတ်သတ်တွေကို လိုက်လံ တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။ ဥရောပ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေကတော့ ရန်ပွဲတွေကို ရှုတ်ချလိုက်ပါတယ်။

ผู้ผลิต:avatardvburma
แท็ก:
โพสต์แล้ว:12 มิถุนายน 2016


Viewing all articles
Browse latest Browse all 76192

Trending Articles